Microphone
MIC (မိုက်ခရိုဖုန်း)
မိုက်ခရိုဖုန်း (မိုက်)ဟုအတိုကောက်ခေါ်သည်။ ၄င်း၏အလုပ်မှ မိမိပြောသောအသံကို
မိုက်ခရိုဖုန်း (မိုက်)ဟုအတိုကောက်ခေါ်သည်။ ၄င်း၏အလုပ်မှ မိမိပြောသောအသံကို လျှပ်စီးလိုင်းအဖြစ်ပြောင်းလဲ၍ဖုန်းထဲသို့ပို့ဆောင်ပေးခြင်း။ ရိုးရိုးပြောရလျှင် မိမိပြောသောအသံကို တစ်ဖက်မှကြားရအောင် လုပ်ပေးသောအီလက်ထရောနစ်ပစ္စည်း။(တဖက်မှပြောသောအသံကိုမိမိဖက်မှကြားရအောင်ပြုလုပ်ပေးမှာပစ္စည်းမှာ Ear Speaker ဖြစ်သည်ကိုသတိပြုရန်)လက်ရှိနည်းပညာတွင် မိုက် အမျိုးအစားနှစ်မျိုးသားရှိသည်။ ပထမအမျိုးအစားမှာ လှိုင်းကိုအခြေခံသောမိုက်ဖြစ်ပြီး နောက်တစ်မျိုးသည် Digital ကိုအခြေခံသောမိုက်ဟုအလွယ်မှတ်ယူနိုင်သည်။(Digital ကိုအခြေခံသဘောတရားကိုစာတွေ့ရှင်းပြရလျှင် အနည်းဆုံးစာမျက်နှာ 10 မျက်နှာမျှ ရှိလိမ့်မည်ဖြစ်သောကြောင့် စာတွေ့ရှင်းပြနိုင်ရန်အခက်အခဲရှိသည်။ Digital အခြေခံကိုဤနေရာတွင်နားမလည်သော်လည်း မည်သည့်ပြဿနာမျှမရှိပါ)ရာခိုင်နှုန်း 90ကျော်သောဖုန်းများတွင် လှိုင်းအခြေခံ မိုက် ကိုသာအသုံးပြုထား သည်။
လှိုင်းအခြေခံ MIC (မိုက်)
အသုံးအများဆုံး မိုက်အမျိုးအစားဖြစ်သည်။ ဖုန်းအမျိုး100 တွင် ပျှမ်းမျှ95မျိုးသောဖုန်းသည်ဤမိုက်အမျိုးအစားကိုအသုံးပြုသည်။လှိုင်းအခြေခံ မိုက်တွင် အဓိကအမျိုးအစားနှစ်မျိုးခွဲခြားထားပြန်သည်။ ပထမတစ်မျိုးသည် ရိုးရိုးပထမမျိုးဆက် ငုတ်နှစ်ခုပါ မိုက်အမျိုးအစားဖြစ်သည်။ ၄င်းတွင် အပေါင်းငုတ်နှင့် အနုတ်ငုတ်ဟူ၍ နှစ်ငုတ်သာပါရှိသည်။ လဲလှယ်ရာတွင် အပေါင်းအနုတ်မှား၍မရသောကြောင့် သတိထားရမည့်အချက်ဖြစ် သည်။၎င်းမိုက်မျိုးသည် ပုံစံအားဖြင့် အ၀ိုင်းပုံဖြင့်ရှိကြသည်။အရွယ်အစားအမျိုးမျိုးရှိတက်ကြသည်။ကြိုးတပ်ထားသောအမျိုး ကြိုးတပ်မထားသောအမျိုး အစရှိပုံစံအမျိုးမျိုးရှိသော်လည်း အခြေခံအားဖြင့် ငုတ်နှစ်ခုဖြင့်ဖွဲ့စည်းထား သည်မှကွဲပြားသွားခြင်းမရှိပါ။လဲလှယ်ရာတွင်လည်း မူလတပ်ဆင်ထားသည့် အပေါင်းအနုတ်ငုတ်များအတိုင်း ပြန်လည်တပ်ဆင်ပေးယုံသာဖြစ်သည်။ အကယ်၍မှတ်သားရန်သတိမရခဲ့ပါက ဆားကစ်ပေါ်တွင် အပေါင်းငုတ်အနုတ်ဟူ၍ရိက်နှိပ်ဖော်ပြထားလေ့ရှိသည်။အကယ်၍ထိုကဲ့သို့လည်း ဖော်ပြထားခြင်းမရှိပါက ၄င်းငုတ်နှစ်ခုထဲမှ အပေါင်းငုတ်သည် မိုက်အလုပ်စတင်လုပ်ချိန်တွင် 1.8 ဗို့အားရှိသည်။ ဖုန်းခေါ်ဆိုချိန်တွင် မည်သည့်ငုတ်သည် 1.8 ဗို့ရှိသည်ကိုတိုင်းတာပါ။ ဗို့အားရှိသောငုတ်သည် အပေါင်းငုတ်ဖြစ်သည်။ ဒုတိယ မိုက်အမျိုးအစားသည် လှိုင်းအခြေခံမိုက်အမျိုးအစားဖြစ်သော်လည်း ငုတ်အားဖြင့် 2 ငုတ်မဟုတ်ပဲ 4 ငုတ်ပါရှိသည်။ ယခုခေတ်တွင် အသုံးများလာသောမိုက်အမျိုးအစားဖြစ်သည်။အပိုပစ္စည်းရှားပါးမှုရှိသည်။ အပိုပစ္စည်းဝယ်ယူမရနိုင်လျှင်လည်း ပြဿနာမရှိပါ ၄င်း ငုတ် 4 ခုပါသောမိုက်မျိုးကို ရိုးရိုး ငုတ် 2 ခုပါသောမိုက်ဖြင့်အစားထိုးနိုင်သည်။ မည်သို့အစားထိုးရမည်ကို အောက်ဖော်ပြပါပုံတွင်ကြည့်နိုင်သည်။
Digital MIC
Digital MIC သည် Nokia ၏မူပိုင်ထုတ်ကုန်ဖြစ်သည်။ Nokia ဖုန်းတစ်ချို့တွင်သာအသုံးပြုထားပြီး အခြားမည်သည့်တံဆိပ်တွင်မျှအသုံးပြုထားခြင်းမတွေ့ရှိသေးပါ။ ၄င်း MIC သည်ရိုးရိုး MIC ဖြင့်အစားထိုး၍မရပါ။မူလDigital MIC ဖြင့်သာအစားထိုးပြုပြင်နိုင်သည်။ ဤမိုက်သည်လည်း ငုတ် 4 ငုတ်ရှိသည် ပုံစံမှာလည်း ရွှေရောင်လေးထောင့်ကျကျဖြစ်ပြီး ရိုးရိုးမိုက်ဒုတိယအမျိုးအစားနှင့်ပုံစံအားဖြင့် ဆင်တူယိုးမှားရှိသည်။ ခွဲခြားရန်မှာလွယ်ကူသည် Nokia တွင်တွေ့ရှိပါက Digital MIC ဖြစ်ပြီး ကျန်အခြားမည်သည့်ဖုန်းအမျိုးအစားတွင်မဆိုတွေ့ရှိပါက ရိုးရိုးမိုက်ဒုတိယအမျိုးအစားဖြစ်သည် ဟုဆုံးဖြတ်နိုင်သည်။ ၄င်း မိုက်ရှိ ငုတ် 4 ငုတ်၏အလုပ်လုပ် ပုံကိုအောက်တွင်ဖော်ပြထားသည်။

No comments:
Post a Comment