wellcome--- nomart2006.blogspot.com

Tuesday, November 12, 2013

MPT ၏ထပ်တိုးဝန်ဆောင်မှုအကြောင်း



MPT ၏ထပ်တိုးဝန်ဆောင်မှုအကြောင်း
MPT ၏ထပ်တိုးဝန်ဆောင်မှုအကြောင်းအသေးစိတ်ရှင်းလင်းတင်ဆက်လိုက်ပါသည်...

Call waiting service
===========

what is call waiting???
Call waiting ဆိုသည်မှာ A မှ B သို့ ဖုန်းဆက်ရာတွင် B မှာ C နှင့် ဖုန်းပြောနေသဖြင့် ဖုန်းမအားသော်လည်း B ၏ဖုန်းတွင် A ဆက်နေကြောင်း ``တီ.. တီ..``ဟုမြည်ပြီး အချက်ပေးမည်... ထိုအခါ Bက C နှင့် ဖုန်းပြောနေခြင်းအား ခနရပ်တန့်ထားပြီး(ဖုန်းချလိုက်ခြင်းမဟုတ်ဘဲ) A နှင့် ဖုန်းလက်ခံပြောလို့ရခြင်းဖြစ်သည်။C မှာမူ စောင့်စားနေချိန်တွင် တီးလုံးသံကြားနေရမည်ဖြစ်သည်။ A နှင့် ဖုန်းပြောပြီးပါက C နှင့် ဆက်လက်ပြောကြားနိုင်ခြင်းကို Call waiting ဟုခေါ်သည်။

How to??
sms to >> 1331 >> Orderdata CW
ယခုကဲ့သို့ ပေးပို့လိုက်ပါက လက်ခံရရှိကြောင်း 1234123 မှ sms ပို့လိမ့်မည်..
လက်ခံရရှိပါက sms to >> 1331 >> Orderdata CH ဟု ထပ်မံရိုက်ပို့လိုက်ပါက Call waiting ကို စတင်အသုံးပြူလို့ရပါပြီ...
လစဉ်ကြေး ၅၀၀ကျပ်သာ ပေးဆောင်ရပြီး မည်သည့် ထပ်ဆောင်းပေးချေစရာမလိုပါ။

Call Forwarding Service
==============

what is call forwarding???
Call forwarding ဆိုသည်မှာ A မှ B သို့ဖုန်းဆက်ရာတွင် B က A နှင့်မပြောနိုင်ခြင်းသော်လည်းကောင်း၊ ဖုန်းမအား၍သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် မပြောဖြစ်လျှင် B က သတ်မှတ်ရွေးချယ်ထားသောဖုန်းပိုင်ရှင် C ထံသို့ A ၏ဖုန်း ကူးပြောင်းလွှဲခေါ်သွားမည်ဖြစ်သည်။၎င်း service အားအသုံးပြုလိုပါက မိမိဖုန်းအား လွှဲပြောင်းလက်ခံပေးမည့် ဖုန်းတစ်ခု ရှိရမည်ဖြစ်သည်။

How to???
sms to >> 1331 >> Orderdata CF
ယခုကဲ့သို့ ပေးပို့လိုက်ပါက လက်ခံရရှိကြောင်း 1234123 မှ sms ပို့လိမ့်မည်..
လစဉ်ကြေး ၉၀၀၀ကျပ် ပေးဆောင်ရပြီး မည်သည့် ထပ်ဆောင်းပေးချေစရာမလိုပါ။

Voice Mail Service
===========

what is voice mail service???
Voice mail service ဆိုသည်မှာ reject ကြောင့် ဖြစ်စေ၊ call time ပြည့်သွားလို့ဖြစ်စေ မကိုင်ဖြစ်သောဖုန်းများမှ ပြောကြားသည့်အသံများကို မိမိ၏ voice mail box သို့ သွားရောက်သိမ်းဆည်းပေးထားမည်ဖြစ်သည်။ မိမိအဆင်ပြေသည့်အချိန်တွင် voice mail server သို့ ဖုန်းနံပါတ်နှိပ်ပြီး ပြန်လည်နားထောင်နိုင်ပါသည်။

How to???
sms to >> 1331 >> Orderdata VMS
ယခုကဲ့သို့ ပေးပို့လိုက်ပါက လက်ခံရရှိကြောင်း 1234123 မှ sms ပို့လိမ့်မည်.. ထိုချိန်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်သော်လည်း မိမိ၏ voice mail box ကို register လုပ်ရန်လိုအပ်ပါသေးသည်။ ထို့ကြောင့် 1331 သို့ဖုန်းခေါ်ဆိုလိုက်ပြီး သူပြောသလို အညွှန်းအတိုင်းလိုက်လုပ်ရုံဖြစ်သည်။ လောလောဆယ်တွင် english လိုသာ ပြောဆိုရှင်းလင်းပြပြီး မြန်မာလို မပြောနိုင်သေးပေ။ register စတင်လုပ်ဆောင်ရာတွင် မိမိဆီဝင်လာသောဖုန်းကို voice mail ထဲမှာသိမ်းထားနိုင်ကြောင်း မိ
မိအသံဖြင့် Greeting လုပ်ရမည်ဖြစ်သည်။ ပြုလုပ်ပြီးပါက မိမိ voice mail box အတွက် password ပေးရမည်ဖြစ်သည်။ ပေးရာတွင် နံပါတ် ၄လုံးမှ ၆လုံးထိ ရွေးချယ်သတ်မှတ်နိုင်ပြီး voice signature အဆင့်သို့ရောက်ရှိမည်ဖြစ်ကာ မိမိအသံကို မှတ်သားနိုင်ရန်အတွက် နောက်တစ်ကြိမ် အသံ ပေးသွင်းရမည်ဖြစ်သည်။ ထိုအဆင့်ပြီးမြောက်ပါက မိမိကိုယ်ပိုင် voice mail box တစ်ခု register လုပ်ပြီးဖြစ်မည်။ အ
သစ်ဝင်ရောက်လာသော voice mail များကို မိမိထံ sms ပေးပို့ပြီး အသိပေးမည်ဖြစ်သည်။
လစဉ်ကြေး ၁၀၀၀ကျပ် ပေးဆောင်ရပြီး မည်သည့် ထပ်ဆောင်းပေးချေစရာမလိုပါ။

Miss call alert service
=============

what is Miss call alert???
Miss call alert ဆိုသည်မှာ မိမိဖုန်းပိတ်ထားစဉ်ဖြစ်စေ၊ ဖုန်းမအားသေးသည့်အချိန်တွင်ဖြစ်စေ မိမိထံ ဆက်သွယ်သောဖုန်းများကို sms ဖြင့် ပြန်လည်ပေးပို့ပေးခြင်းဖြစ်သည်။ဆက်သွယ်မှုဧရိယာပြင်ပဆိုလျှင်တော့ ဖော်ပြပေးနိုင်မည်မဟုတ်ပါ။

How to???
sms to >> 1331 >> Orderdata MCA
ယခုကဲ့သို့ ပေးပို့လိုက်ပါက လက်ခံရရှိကြောင်း 1234123 မှ sms ပို့လိမ့်မည်..
လစဉ်ကြေး ၁၀၀၀ကျပ် ပေးဆောင်ရပြီး မည်သည့် ထပ်ဆောင်းပေးချေစရာမလိုပါ။

Need to know
=========

service များ sms ဖြင့်လျှောက်မည်ဆိုပါက မိမိဖုန်း၏လက်ကျန်ငွေနှင့် လုံလောက်မှုရှိ၊မရှိ အရင်စစ်ဆေးပါ။
service သို့လျှောက်ရာတွင် 1331 တစ်လုံးတည်းသာ sms ပေးပို့ရပြီး မိမိထံsms ပြန်ဝင်ရောက်လာသော 1234123 သို့ မှားမပို့မိပါစေနှင့်။
Call waiting နှင့် Call forwarding ၂ခုအနက် ကြိုက်နှစ်သက်ရာ တစ်မျိုးသာသုံးခွင့်ရှိမည်ဖြစ်သည်။
ထို့အတူ Voice mail service နှင့် Missed call alert ၂ခုအနက် ကြိုက်နှစ်သက်ရာ တစ်မျိုးသာသုံးခွင့်ရှိမည်ဖြစ်သည်။
ှService များအားအသုံးမပြူလိုတော့ပါက
sms to >> 1331 >> Cancel CF
ဟုရိုက်ပို့ပြီး ပြန်လည်ပယ်ဖျက်နိုင်ပါကြောင်း.........

မေးမြန်းစုံစမ်းရန်>>> ၁၈၇၆ Call center

1 comment:

  1. ကိုဖုန်းမြင့်နိုင်: Mpt ၏ထပ်တိုးဝန်ဆောင်မှုအကြောင်း >>>>> Download Now

    >>>>> Download Full

    ကိုဖုန်းမြင့်နိုင်: Mpt ၏ထပ်တိုးဝန်ဆောင်မှုအကြောင်း >>>>> Download LINK

    >>>>> Download Now

    ကိုဖုန်းမြင့်နိုင်: Mpt ၏ထပ်တိုးဝန်ဆောင်မှုအကြောင်း >>>>> Download Full

    >>>>> Download LINK A0

    ReplyDelete