Wednesday, March 2, 2016
ဘိလိယက် ၀ါသနာရှင်များအတွက် Pool 8 Ball Shooter v3.5.1APK for Android
ဘိလိယက်ဂိမ်းဆိုတော့သိတဲ့သူတွေများတာကြောင့်အထူးမိတ်မဆက်တော့ပါခင်ဗျား...။ဗားရှင်းအသစ်လေး
တက်လာတာနဲ့အားလုံးအတွက်တင်ပေးလိုက်ပါတယ်။ဒီဗားရှင်းမှာတော့ရုပ်ထွက်တအားကောင်းလာပါတယ်။
levels ပေါင်း 500 လောက်ပါဝင်လာပါတယ်။ Size 33.37 MB ရှိပါတယ်။ Android 2.3အထက်ဖုန်းအားလုံးမှာ အဆင်ပြေပါတယ်။
နေ့စဉ်ဘောလုံးပေါက်ကြေးတွေကြည့်နိုင်တဲ့ MyanmarSoccerOdds v2.4
သည် ကောင်လေးကို ဒေါင်းလုပ်ဆွဲဖို့လိုပါတယ်..။ သည်ဗားရှင်းကိုသုံးရာမှာ Register လုပ်ပေးဖို့လိုပါတယ်။ Register လုပ်ပုံကမခက်ပါဘူး..။မလုပ်တတ်သူတွေ ရှိရင်သိနိုင်ဖို့ ပုံနဲ့ရေးပြထားပါတယ်။..အောက်မှာ Soccer Odd ကို ဒေါင်းလုပ်ဆွဲပါ။ Reg လုပ်နည်းမသိရင် ပုံတွေမှာဖတ်ကြည့်ပါ။
DOWNLOAD HERE
Phone Service သမားများအတွက် အသုံးဝင် Tool ကောင်းလေး Gsm Aladdin 1.34 Full Version
Gsm Aladdin နဲ့ LG ဖုန်း Model 450 ကျော်ရဲ့ Lock အမျိုးမျိုးကို
ဖြည်လို့ရနိုင်တယ်.. IMEI တွေ ပြင်နိုင် ရေးနိုင်တယ်.. Xioami ဖုန်းတွေရဲ့
IMEI တွေကို ရေးနိုင်တယ်.. Samsung Model 400 ကျော်ရဲ့ Network Lock
တွေဖြည်ပေးနိုင်တယ်..အခြား MTK Device တွေရဲ့ Lock
တွေကိုဖြည်နိုင်တယ်လို့ဆိုပါတယ်.. အသုံးတည့်မယ်ထင်လို့ ပြန်လည်မျှဝေပါတယ်..
-
Feature
-
Feature
- LG Add Reset user lock No Root
- Support Pin/Password/Pattern/Google Account /Unlock Code Unlock
- LG Add Network Unlock
- More Then 450+ Model Added
- LG Add Repair IMEI
- More Then 450+ Models Supported
- Add Xiaomi MI IMEI Repair [Qualvomm]
- Lost Of MI Qualcomm IMEI Repair Supported
- Supporte So Many Qualcomm China IMEI Repair
- Samsung Add New Models For Network Unlock Support
- More Than 400+ Models Supported
- MTK Add Analysis Scatter File EMMC [Open*.txt]
- Advance Function For Advance Users
- Select Only Scatter It Show All info About File [Mode,Brand etc]
- MTK improve Clear Setting FRP
- MTK6580 Fixed For Frp
- SPD Improve Android Write
- New Flash Id Supported
- Some Software Bug Fixed
- DOWNLOAD HERE
Tuesday, March 1, 2016
Android ဖုန်းတွေ မကြာခဏ Hang နေရခြင်း
ဖုန်းတွေ ဘာလို့ မကြာခဏ Hang နေရတာလဲဆိုတာ အကြောင်းအရင်းများစွာ
ရှိပါတယ်။ CPU နိမ့်နေ တာ ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ဆုံး အခြေအနေကတော့ ဖုန်းမှာပါတဲ့ Built-in Memory လို့ခေါ်တဲ့ Memory ပမာဏနည်းတဲ့
ဖုန်းတွေက ပို Hang တတ်ပါတယ်။
ဘာကြောင့် Built-in Memory နည်းတဲ့ ဖုန်းတွေက ပို Hang တာလဲ ?
Built-in Memory နည်းတဲ့ဖုန်းတွေက CPU နည်းပါ တယ်။ Built-in Memoryက
နည်းနေတဲ့အတွက် External Memory ထပ်ထည့်ရပါ တယ်။ External Memory
8GB, Built-in Memoryက 125 MB ရှိနေတဲ့ ဖုန်းတစ်လုံးဟာ မကြာခဏ
Hangနေတယ်။ ဘာကြောင့်လဲဆိုရင် ဖုန်းထဲမှာ သွင်းထားတဲ့ Application
တွေများနေတယ်။ Built-in Memory ရှိသလောက်ကို Applicationတွေ သွင်း
ထား တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက External Memory 8GB
ကို 7GBလောက် Dataတွေ ထည့်ထားတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အဲ့ဒီလို
အခြေ အနေမျိုးမှာ ဖုန်းက OSကိုလဲ Run နေရတယ်။ တစ်ခြား Application
တွေကိုလဲ Run နေရတဲ့ အတွက် သူလုပ်နိုင်တဲ့ စွမ်းရည်ထက် ကျော်လွန်သွား
တဲ့အခါ တစ်ခါတလေ Hangတတ်ပါတယ်။
Built-in Memory နည်းတဲ့ ဖုန်းတွေကို အဲ့လို မဖြစ်အောင် ဘယ်လိုလုပ်မလဲ?
ရှင်းပါတယ်၊ သူလုပ်နိုင်သလောက် တာဝန်ကိုပဲ လုပ်ခိုင်းပါ။ CPU နည်းတဲ့အတွက် သူရဲ့အလုပ် လုပ်နိုင်စွမ်း လည်း နည်းပါတယ်။ ဖုန်းတစ်လုံးက Built-in Memory 125 MB, CPU 800 MHz ရှိတယ် ဆိုပါစို့။ အဲ့ဒီ Memoryက Android Os ရဲ့ Data ပမာဏကို နုတ်ပြီး လက်ကျန် Memory ဖြစ်ပါတယ်။ နဂိုထဲက Memory နည်းနေတဲ့အတွက် Application အများကြီး သွင်းလို့ မရပါဘူး။ ဖုန်းထုတ်တဲ့ လူတွေက ဒါကို တွက်ချက် ပေးပြီးသားပါ။
Applicationတွေကို အစကတည်းက လိုအပ်သလောက် ထည့်ပေးပြီးသားပါ။
User လက် ထဲရောက်မှာသာ စိတ်ကြိုက် Application ထည့်လို့ရအောင် Memory
ချန်ပေးထားတာပါ။ Built-in Memoryပေါ်မှာ Android Osကလဲ အလုပ်လုပ်နေတယ်၊ Application တွေကလဲ အလုပ် လုပ် နေပါတယ်။ Built-in Memory နည်းတဲ့ ဖုန်းတွေ
ကို External Memory တတ်နိုင်သမျှ အများဆုံး ထည့်ပါ။ Applicationတွေ လိုအပ်သလောက်ပဲ ထည့်ပါ။ ဂိမ်းကို အချိန် ကြာမြင့်အောင် မဆော့ပါနဲ့။ Recentတွေကို ဖျက်ပေးပါ။ Call Logတွေ အများကြီး သိမ်းမထားပါနဲ့ ဖျက်လိုက်ပါ။
တစ်ပတ် တစ်ခါလောက် ဖုန်းကို Restart လုပ်ပေးပါ။ ဖုန်းဖွင့်ထားဖို့ မလိုအပ်တဲ့
အချိန်တွေမှာ ဖုန်းကို ခဏ ပိတ်ထားပါ။ ဖုန်းဆိုတာ ကွန်ပျူတာထက် အလုပ်
ပိုလုပ်ပါတယ်။ ကွန်ပျုတာက အလုပ် လုပ်ပြီးရင် ပိတ်တဲ့အချိန်တွေ ရှိပါတယ်။
ဖုန်းကို Power ပိတ်တဲ့အချိန်က နည်းပါတယ်။ ဒါကြောင့် တစ်ခါတလေ အနားပေး
သင့်ပါတယ်။ စက်ပစ္စည်းဆိုတာ လူတွေနဲ့ အတူညီဆုံး ပုံစံတွေယူပြီး တီထွင်ထား
တာပါ။ သူတို့လဲ လူတွေလို အနားပေးသင့်ပါတယ်။ လုပ်နိုင်စွမ်းထက် ပိုလာရင်
ဘယ်အရာပဲဖြစ်ဖြစ် ပျက်စီးလွယ် ပါတယ်။
ဒီလိုနည်းလမ်းတွေနဲ့ ဖုန်း မကြာခဏ Hang နေတယ်ဆိုတဲ့ Error ကို အတတ်နိုင်
ဆုံး ဖြေရှင်း လို့ရ ပါတယ်။
Android Game: Clash Royale v1.2.0 apk
Clash Royale ဂိမ်းကစားသူတွေအတွက် ဖေဖော်ဝါရီ ၂၉ ရက်နေ့ထွက် Clash Royale
update v1.2.0 apk လေးကိုတင်ပေးလိုက်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။ download HERE
♪ အသွင်အပြင်အသစ်များနဲ့ပြောင်းလဲလာတဲ့ Verber အသစ်ထွက်ပြီ - Viber v5.8.0.1736 Apk (28-Feb) ♫
Viber ဆိုတာကတော့ လူသုံးအများဆုံး Application တစ်ခုဆိုလည်းမမှားပါဘူးဗျာ။
အခု 28-Feb မနေ့ ကမှ Version အသစ်ထွက်လာပါပြီဗျာ။ အခု Version
အသစ်မှာတော့ ပုံစံတွေလုံးဝကိုပြောင်းလဲထား တာကိုတွေ့ရပါတယ်ဗျာ။
အတော်လေးကိုမိုက်လာပါတယ်။ သုံးကြည့်ပါသဘောကျမှာသေချာပါတယ်။ Version
အသစ်သုံးချင်သူများနဲ့
မရှိသေးသောသူများ အတွက် တင်ပေး လိုက်ပါတယ်ဗျာ။ အောက်က Link
မှာဒေါင်းယူသွားနိုင်ပါပြီဗျာ။ Android OS 2.3 နှင့်
အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
download here
download here
Sunday, February 28, 2016
Hardware Power ပိုင်းဆိုင်ရာဖြေရှင်းနည်း
အပောာင်းတွေထဲက ကောင်းနေဆဲ Post လေးတစ်ခုပါ။ ရေးသားမျှဝေထားသူကတော့ Ko Aung ဖြစ်ပါတယ်။
စာရေးသူရေးသားထားတဲ့အတိုင်းပဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ လေ့လာကြည့်လိုက်ရအောင်။
ဖုန်းတစ်လုံးရဲ့ Powersection ပိုင်းမှာပါဝင်တဲ့ components
လေးတွေရဲ့အခေါ်အဝေါ်နဲ့ ပါင်းစပ်အလုပ်လုပ်ပုံ။ဖြစ်တတ်တဲ့ error များနဲ
့ပြုပြင်ပုံတို့ ကိုအခုမှစတင်လေ့လာနေတဲ့ညီငယ်
များပါနားလည်သဘောပေါက်အောင်၊ပုံလေးတွေနဲ့ တကွရှင်းပြပေးထားပါတယ်။ကျွန်တော့်ရဲ့
သင်ဆရာများဖြစ်ကြတဲ့ အခြေခံ electronic ပညာကိုသင်ပေးတဲ့ဆရာကြီးဦးသန်းဆင့်
ဆရာကြီးဦးထိန်ဝင်းနဲ့ ဖုန်း hardware ပိုင်းကိုသင်ပေးခဲ့တဲ့ ဆရာကိုထွန်း၊ဆရာချစ် နဲ့ မြင်ဆရာများ
ဖြစ်ကြတဲ့ဆရာဦးမောင်နိင်၊ဆရာကိုစိုင်း၊နဲ့ ကိုစိုးမြင့်သူသူငယ်ချင်းဆရာများကိုဒီဆောင်းပါးလေးနဲ့ 
ဂါရ၀ပြုလိုက်ပါတယ်။
တကယ်တော့ electronic နယ်ပယ်မှာ smartphone ဆိုတာ နည်းပညာအမြင့်ဆုံး electronic device
လို့ ပြောရင်ရပါတယ်။ဒီလို အဆင့်မြင့်နည်းပညာတစ်ခုကိုအခြေံအဆင့်မီတာတိုင်းနည်းတောင်မသိသေး
တဲ့ညီငယ်တွေအတွက်အရာရာဟာေ၀၀ါးနေမှာအမှန်ပါပဲ။ဒါပေမယ့်ဘာမှအားမငယ်ပါနဲ့ ညီလေးတို့ ၊
ဇွဲရှိရှိနဲ့ ကြိုးစားအားထုတ်ဖို့ ပဲလိုပါတယ်။အဆင်ပြေရင်တော့အခြေခံပိုင်းပါပေါင်းစပ်သင်ပေးတဲ့
သင်တန်းတွေကိုမေးမြန်းပြီးတက်ပေါ့။
ဖုန်းတစ်လုံးရဲ့ power ပိုင်းမှာပါဝင်တဲ့ပစ္စည်းလေးတွေက

(၁) capacitor အ၀ါရောင်နဲ့ အညိုရောင်အတုံးလေးတွေပါ။သူတို့ က ပတ်လမ်းမှာလိုအပ်တဲ့
dc volt ကိုတည်ငြိမ်မှုရှိအောင်ပြုလုပ်ပေးပါတယ်။ dc လျှပ်စီးကြောင်းမှာရော ယှက်ပါလာတဲ့
ac လှိုင်းအနှောက်အယှက်တွေကိုလဲဖယ်ရှားစစ်ထုပ်ပေးပါတယ်။ဒါကတော့ capacitor လေးတွေရဲ့
ပုံပါ။
dc volt ကိုတည်ငြိမ်မှုရှိအောင်ပြုလုပ်ပေးပါတယ်။ dc လျှပ်စီးကြောင်းမှာရော ယှက်ပါလာတဲ့
ac လှိုင်းအနှောက်အယှက်တွေကိုလဲဖယ်ရှားစစ်ထုပ်ပေးပါတယ်။ဒါကတော့ capacitor လေးတွေရဲ့
ပုံပါ။

ဒီကောင်လေးတွေထဲက တစ်ချို့  capacitor လေးတွေဟာဒီစီဗို့ လိုင်းရဲ့ အပေါင်းနဲ့ အနှုတ်ကိုခွပြီး
တပ်ထားပါတယ်၊တစ်ခါတစ်ရံမှာ ဒီကောင်လေးတွေရှော့ဖြစ်ပြီး
ဖုန်းပါဝါသေတဲ့ပြစ်ချက်မျိုးတွေကြုံရပါတယ်။
ဖုန်းပါဝါသေတဲ့ပြစ်ချက်မျိုးတွေကြုံရပါတယ်။

ဒီပုံမှာဆိုရင်မျှားအနီရောင်လေးပြထားတဲ့ capacitor လေးရှော့ဖြစ်ပြီးပါဝါသေနေတာပါ၊
power supply နဲ့ ချိတ်လိုက်ရင်အမ်ပီယာအဆုံးထိပြသွားပါတယ်။ဒီလိုပြစ်ချက်မျိုးက
အတွေ့ အကြုံများတဲ့သူဆိုရင်ချက်ချင်းစဉ်းစားမိမှာပါ။ battery ငုတ်ရဲ့အ၀င်မှာနားက
အပေါင်းအနှုတ်လိုင်းကိုခွပြီးတတ်ထားတဲ့ ဒီကောင်လေးက dc ဗို့ ကိုလုံးဝပိတ်ချလိုက်တာ။
Capacitor တွေမှာဖြစ်တတ်တဲ့ ပြစ်ချက်ကတော့၊ရှော့ဖြစ်ပြီးဝါယာကြိုးတစ်ချောင်းလိုဖြစ်သွားတာ
နောက်တစ်မျိုးက open ဖြစ်တယ်လို့ လဲခေါ်ပါတယ်၊ capacitor ရဲ့ မိုက်ခရိုဖရက်တန်ဖိုးလုံး
ဝပျောက်သွားတာမျိုးပါ။ရေ၀င်တဲ့ဖုန်းတွေမှာအဖြစ်များပါတယ်။တကယ်လို့ ဒီပစ္စည်းလေး
တွေကိုအစားထိုးပြုပြင်မယ်ဆိုရင်၊စက်ပြားဟောင်းလေးတွေစုဆောင်းထားရပါမယ်။
ဖုန်းထဲမှာအသုံးပြုတဲ့ SMD components လို့ ခေါ်တဲ့ သေးငယ်တဲ့ပစ္စည်းလေးတွေကို
အပြင်မှာဝယ်ဖို့ မလွယ်ကူပါဘူး၊ဒါကြောင့်စက်ပြားများများစုဆောင်းထားတဲ့သူဟာ
အလွယ်တကူပဲပြင်ဆင်လို့ ရသွားမှာပါ။
(၂) Resistor ဒီကောင်လေးတွေကအမဲရောင်အတုံးအသေးဆုံးလေးတွေပါ။အရွယ်နဲနဲကြီးတဲ့
ကောင်တွေလဲအနဲငယ်သုံးပါတယ်။သူတို့ ကတော့ရှော့ဖြစ်တယ်လို့ သိပ်မရှိပါဘူး
open ပြတ်သွားတာများပါတယ်။ fuse resistor ကိုတော့အဖြူရောင်အတုံးလေးတွေအဖြစ်
ခွဲခြားပေးထားပါတယ်။ပုံမှာမြင်နေရတာတော့ SMD Resistor လေးတွေပါ။

(၃) coil ကွိုင်လေးတွေကိုတော့ပါဝါပိုင်းမှာအနဲဆုံးလေးလုံးကနေခြောက်လုံးထိတွေ့ ရတတ်ပါတယ်။
ကွိုင်လေးတွေသုံးရခြင်းရဲ့အကြောင်းကတော့၊ပတ်လမ်းမှာလိုအပ်တဲ့ လျှပ်စီးကြောင်း အမ်ပီယာ၊
တောင့်တင်းကောင်းမွန်စေရန်၊dc လျှပ်စီးကြောင်းကနေ ac အသွင်ကိုကူးပြောင်းယူရန်၊dc ဗို့ ကိုလို
အပ်သလိုထုပ်ယူပေးနိင်ရန်အသုံးပြုကြပါတယ်။ပုံမှာမြင်ရတာကတော့ SMD Coil လေးပါ။

´

(၄) FET နဲ့  SOT
FET က Field effect transistor , SOT က Small outline transistor ပါ။ပါဝါပိုင်းမှာ
နှစ်မျိုးစလုံးသုံးတတ်ပါတယ်။ဒီကောင်လေးတွေက လျှပ်စီးကြောင်းတွေကိုလိုအပ်သလို
အပိတ်အဖွင့်လုပ်တဲ့နေရာမှာသုံးကြပါတယ်၊နောက်တစ်မျိုးက battery ကိုအားသွင်းတဲ့
နေရာမျိုးမှာအမ်ပီယာကိုလိုအပ်သလိုထိန်းချုပ်ပေးနိင်ဖို့ သုံးကြပါတယ်။ဒီပစ္စည်းလေးတွေ
ပျက်စီးသွားရင်တော့အမျိုးအစားတူတစ်ခုခုနဲ့ လဲလှယ်အသုံးပြုသင့်ပါတယ်၊
ခြေတောက်ကိုကြိုးပူးပြီးသုံးတာရတယ်ဆိုပေမယ့်၊တစ်ချို့ ပတ်လမ်းတွေမှာပါဝါအဖွင့်အပိတ်
လုပ်ပေးယုံသာမကပဲ၊ charging ပိုင်းကိုပါတွဲဖက်နေတာမျိုးဆိုရင်၊ error တစ်မျိုးမျိုးတက်လာ
နိင်ပါတယ်။ပုံမှာပြထားတာကတော့ SOT လေး၇ဲ့ပုံပါ။

(၅) DIODE ဒီကောင်လေးတွေကတော့ပါဝါပိုင်းမှာမပါ၇င်မဖြစ်တဲ့ပစ္စည်းလေးတွေပါ။
အေစီကနေဒီစီကိုပြောင်းပေးတဲ့နေ၇ာမှာသုံးပါတယ်။နောက်တစ်ခုကzener diode ပါ၊
သူ့ ကိုတော့တစ်ချို့ ညီငယ်တွေသိပ်သိမှာမဟုတ်ပါဘူး။သူကဘာလုပ်ပေးလဲဆိုတော့
ဒီစီဗို့ ကိုကန့် သပ်ပြီးတည်ငြိမ်အောင်ထိန်းငြှိပေးပါတယ်၊အထူးသဖြင့် charging ပိုင်းတွေမှာ
အသုံးများပါတယ်၊ဒီစီဗို့ အားရဲ့အပေါင်းနဲ့ အနှုတ်ကိုခွပြီးတပ်ဆင်ထားတဲ့အတွက်၊ဒီကောင်
လေးရှော့ဖြစ်ရင် ပါဝါပိုင်းပါသေသွားတတ်ပါတယ်။ပုံမှာပြထားတဲ့ပစ္စည်းကတော့ diode လေးပါ။

(၆) PMU Power Management Unit ဖြစ်ပါတယ်၊ပတ်လမ်းမှာပါဝင်တဲ့၊အိုင်စီတွေရဲ့
ဲ့ဗို့ အားလိုအပ်ချက်ကိုဖြန့် ဝေပေးတဲ့အိုင်စီပါ။ဖုန်းတစ်လုံးရဲ့အသက်လို့ လဲပြောနိင်ပါတယ်။
ဒီအိုင်စီထဲမှာအဓိကအပိုင်း(၅)ပိုင်းလောက်ပါဝင်ပါတယ်။
battery ကနေ၀င်လာတဲ့ဗို့ အားကိုလက္ခံပေးတဲ့ input section
စတုဂံလှိုင်းကိုထုပ်လွတ်ပေးတဲ့ oscillator ပိုင်း၊
ပါဝါအဖွင့်အပိတ်ကိုလက္ခပေးတဲ့ data in,out ပိုင်း၊
charging နဲ့ vibrator အပိုင်း၊
ကွိုင်ပတ်လမ်းတွေနဲ့ တွဲဖက်လုပ်ဆောင်ပေးတဲ့ output အပိုင်းတို့ ဖြစ်ပါတယ်။
ပုံမှာပြထားတာကတော့ power section တစ်ခုမှာပါဝင်တဲ့ပစ္စည်းလေးတွေစုပေါင်းဖွဲ့ စည်း
ထားတဲ့ပုံလေးပါ။

(၇) CRTSTAL ဒီကောင်လေးကတော့၊ pmu အတွက်လိုအပ်တဲ့ oscillator ပိုင်းကိုထိန်းချုပ်ပေးပါ
တယ်။ပုံမှန်ပတ်လမ်းတွေမှာ ( f=1/CR) ပုံသေနည်းကိုအသုံးပြုပေမယ့်၊ဒီအပိုင်းမှာတော့
တည်ငြိမ်တဲ့ဗို့ အားကိုလိုအပ်တဲ့အတွက်၊ crystal ကိုအသုံးပြုတာဖြစ်ပါတယ်။
တယ်။ပုံမှန်ပတ်လမ်းတွေမှာ ( f=1/CR) ပုံသေနည်းကိုအသုံးပြုပေမယ့်၊ဒီအပိုင်းမှာတော့
တည်ငြိမ်တဲ့ဗို့ အားကိုလိုအပ်တဲ့အတွက်၊ crystal ကိုအသုံးပြုတာဖြစ်ပါတယ်။
Back light အပိုင်းမှာတော့ crystal ကိုမသုံးကြပါဘူး။
ပုံမှာပြထားတာကတော့ crystal ပတ်လမ်းလေးတစ်ခုပါ။
ပုံမှာပြထားတာကတော့ crystal ပတ်လမ်းလေးတစ်ခုပါ။

အရင်ကတော့ဒီကောင်လေးတွေအပျက်နဲပါတယ်၊ hyawei g610 မှာတော့တော်တော်လေး
အဖြစ်များပါတယ်။သူရဲ့ error ကပါဝါဖွင့်ရင်တစ်ခါတစ်လေအလွယ်တကူပွင့်ပြီး၊တစ်ခါတစ်လေ
တော်တော်နဲ့ ဖွင့်မရတတ်ပါဘူး၊အဖုံးဖွင့်ပြီးအပူလေးပေးလိုက်မှရသွားတာမျိုးလဲရှိပါတယ်။
တစ်ချို့ ဖုန်းတွေမှာသုံးနေရင်းရုတ်တရက်ပါဝါပိတ်သွားပြီး၊ပြန်ဖွင့်လို့ မရတာလဲရှိပါတယ်။
အကြောင်းကတော့ဒီ crystal လေးအရည်အသွေးညံ့လို့ ပါ။အဲဒီလိုပါဝါကြောင်တဲ့ဖုန်းတွေဆို
crystal လဲကြည့်သင့်ပါတယ်။ဒါကတော့power section ပိုင်းမှာပါဝင်တဲ့ ပစ္စည်းလေးတွေနဲ့ 
ဖြစ်တတ်တဲ့ error လေးတွေပါ။ဒီပုလေးကတော့ power ပိုင်းရဲ့ ဆားကက်ပုံလေးပါ။

အလုပ်လုပ်ပုံအသေးစိတ်ကတော့ကျွန်တော့ရဲ့မြင်ဆရာဖြစ်တဲ့ ဆရာကိုစိုင်းရှင်းပြထားတာလေးကိုမှီ
ငြမ်းပြီးပြောပြပါမယ်။
Battery ကတဆင့်ရောက်လာတဲ့ 3.7v ဟာ pmu ic ရဲ့ input pinကနေတဆင့် pwm modulator
ထဲကိုဝင်ရောက်သွားပါတယ်၊ pwm ဆိုတာ pulse width modulation ကိုပြောတာပါ
လှိုင်းထုပ်တဲ့အပိုင်းပါ။အဲဒီလိုပဲအပေါင်းဗို့ ဟာ fet ရဲ့  drain ကိုကိုလဲတိုက်ရျိက်ရောက်နေပါတယ်။
power button ကို နှိပ်လိုက်ရင် အိုင်စီရဲ့ disable ငုတ်မှာရှိတဲ့ 1.8v ဟာ 0v သို့ ရောက်သွားပြီးအိုင်စီ
ကိုစတင်အလုပ်လုပ်စေပါတယ်။ oscillator ပတ်လမ်းအလုပ်လုပ်ပြီးoutput ပိုင်းမှာရှိတဲ့ coil
အုပ်စုကနေတစ်ဆင့်အိုင်စီများအတွက်လိုအပ်တဲ့ဗို့ အားများကိုထုတ်လွတ်ပေးပါတယ်။

power ic တွေမှာအဖြစ်များတဲ့ပြစ်ချက်ကတော့ no power,charging
error, ပိုင်းတွေပါ၊ရေ၀င်တဲ့ဖုန်းတွေမှာ pmu ရှော့ ဖြစ်တာများပါတယ်။
battery တတ်လိုက်ရင် vibrator ဆက်တိုက်တုန်ခါနေတာမျိုးလဲဖြစ်တတ်ပါတယ်။
pmu ရှော့ဖြစ်ရင်တော့အသစ်လဲလယ်ပေးမှသာကောင်းနိင်ပါမယ်။ huawei g730,610 အိုင်စီတွေကတော့
၄၀၀၀ လောက်ရှိပြီး အခြားမော်ဒယ်တွေမှာအသုံးများတဲ့ pm8029 ကတော့ ၂၅၀၀ ပဲရှိပါတယ်။
pmu ရှော့ဖြစ်ရင်တော့အသစ်လဲလယ်ပေးမှသာကောင်းနိင်ပါမယ်။ huawei g730,610 အိုင်စီတွေကတော့
၄၀၀၀ လောက်ရှိပြီး အခြားမော်ဒယ်တွေမှာအသုံးများတဲ့ pm8029 ကတော့ ၂၅၀၀ ပဲရှိပါတယ်။
Credit >>> Ko Aung
Saturday, February 27, 2016
♪ ဘောလုံးပွဲများတိုက်ရိုက်ကြည့်ရှုနိုင် ၊ ရလဒ်များ ၊ ပေါက်ကြေးများ ၊ ပွဲစဉ်များ အားလုံးကြည့်နိုင်သည့် Apk ♫
Apkလေးရဲ့ အသုံးဝင်ပုံများကတော့..
၁. ဘောလုံးပွဲတွေ တိုက်ရိုက်ကြည့်ရှူ နိုင်တဲ့ page မှာတင်သကဲ့သို့ ကြိုက်နှစ်သက်ရာ လင့် ရွေးချယ်၍ ကြည့်နိုင်ခြင်း(ပေ့ခ်ျ မှာ မတင်သည့်ပွဲများ apkမှာကြည့်နိုင်ပါတယ်)
၂. ပွဲပြီးသည်နှင့် ဟိုက်လိုက် များပြန်ကြည့်နိုင်ခြင်း
(ပေ့ခ်ျ မှာ မတင်သည့် ပွဲစဉ် များ apk မှာ ကြည့်နိုင်ပါသည်)
၃. နိုင်ငံတကာ ပွဲစဉ် ရလဒ် နှင့်အမှတ်ပေး ဇယားများကြည့်သိရှိနိုင်ခြင်း.
၎.ပေါက်ကျေးတောင်းသူတွေအတွက် ပေါက်ကျေး
တွေပါထည့်ပေးထားပါသေးတယ်.
၅.ကျွန်တော်တို့အထူးပြုလုပ်ထားတဲ့ HD.အထူးရှယ် မျက်နှာပြင်ကျယ် လင့် နှင့် သူ့ကိုကြည့်ဖို့ရာ apk ပါထည့်ပေးထားပါသေးတယ်..
Fb. အကောက် ခနခဏပျတ်သူတွေ အတွက်အလွန်အသုံးဝင်ပါမယ် နောက် apk တစ်ခုထဲ မှာ ဘောလုံးပွဲနှင့်ပက်သက်သမျှကိုလဲ သိနိုင်ပါမယ်.
ဘာလို့ apk မှာ တင်သလို ပေ့ခ်ျမှာ မတင်လဲလို့မေးစရာတော့ရှိပါတယ် .. fb. က မူပိုင်ခွင့်တွေများသည့် အတွက် ဘလော့ထိခြင်း report ပြုလုပ်ခံခြင်းများ ခံရလို့ပါ . ..
မှတ်ချက်.. playstore မှာ တင်ထားသည့်အရင်က apk အသုံးပြုသူများ အဟောင်းကိုထုတ်ပြီးမှ ထည့်ပါ.. နောက်လမှ playstore မှာ updat လုပ်ပေးပါမည်..
ဘဝတူ ဘောလုံးပွဲဝါသနာရှင်တွေအစဉ်ပြေကြစေလိုရန် ရည်ရွယ် ၍..
Admin.
Credit to ==> ဘောလုံးပွဲများတိုက်ရိုက်ကြည့်ရူ့နိုင်သည်
download

Thursday, February 25, 2016
နောက်ဆုံး ဗါးရှင်းဖြစ်တဲ့ Facebook Messenger 59.0.0.27.79 APK for Android
Android /Tablet ဖုန်း ကိုင်ဆောင်ကာ Facebook Messenger 59.0.0.27.79 APK
အသုံးပြုလိုသူများအတွက် 25 ရက်နေ့ 2 လပိုင်းက Update တင်ပေးလိုက်ပါတယ်။
updated အသစ်ထွက်တယ်ဆိုတာကတော့ ဟိုတုန်းက အဟောင်းလေးတွေ ရဲ့
အားနည်းချက်တွေကို ပြင်ဆင်တာ ဒီထက်ပိုကောင်းအောင် လုပ်ပေးတာဖြစ်ပါတယ်။
updated အသစ်ထွက်တိုင်း သုံးသင့်ပါတယ်။ နောက်ဆုံး Update အသုံးပြုလိုတဲ့
မိတ်ဆွေများ အောက်က ကိုယ်ကြိုက်တဲ့ Link ကနေ Download
လုပ်ယူသွားနိုင်ပါတယ်။
MPT ရဲ့ Night Time data Pack အစီအစဉ်
MPT ကနေ Night Time data Pack အစီအစဉ်ကိုအားလုံးသိအောင် တင်ပြပေးလိုက်ပါတယ်။
ဒီအစီအစဉ်ကနေသုံးစွဲနိုင်ဖို့ ဖုန်းခေါ်ဆိုတဲ့နေရာကနေပြီးတော့ အောက်ပါအတိုင်း ၀ယ်ယူရမှာဖြစ်ပါတယ်။
*237*1# call ဆိုရင် ( 250 MB / ၁ ညသုံး )
*237*2# call ဆိုရင် ( 1 GB / ၇ ညသုံး )
*237*3# call ဆိုရင် ( 4 GB / ည ၃၀ သုံး )
အနေနဲ့ဝယ်ယူရမှာဖြစ်ပါတယ်။ အစီအစဉ်အားလုံးအတွက် သုံးစွဲရမဲ့အချိန်ကတော့ ည ၁၁ နာရီကနေ မနက် ၇ နာရီ
အထိဖြစ်ပါတယ်။ ကျသင့်မဲ့ဈေးနှုန်းကတော့ 1 MB ကို ပြား ၈၀ နှုန်းနဲ့သာ ကျသင့်မှာဖြစ်ပါတယ်။
Night Time data pack အစိအစဉ်ကိုမသိရှိပဲဝယ်ယူသုံးစွဲမိမှာစိုးလို့ တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။
credit to mpt

facebook သုံးတဲ့သူများအတွက် updater Version -Facebook v65.0.0.42.81 Apk
Android
ဖုန်းဘော်ဒါတို့အတွက် ဘော်ဒါတို့၏ မိတ်ဆွေးကောင်း Facebook
ဗားရှမ်းသစ်လေဖြစ်တဲ့ facebook application လေးတင်ပေးလိုက်ပါတယ်။အထူးအထွေ
ပြောစရာမလိုပါဘူး Facebook ကို ကလေးတွေသိပြီး အခုရှိရင် .... Updated
လိုချင်းသူများအတွက်
အောက်မှာသာဒေါင်းလိုက်ပါတော့ဗျာ....ဒီကောင်လေး၏ဖိုင်ဆိုဒ်လေးကတော39MB
ဖြစ်ပြီး Android OS, Tablet အားလုံးမှာသုံးနိုင်ပါတယ်။
download here
download here
♪ မိမိဝင်ထားတဲ့ Facebook Groups တွေကိုမြန်ဆန်စွာဝင်ရောက်ကြည့်ရှုနိုင်မယ့် - Facebook Groups v51.0.0.39.80 Apk (22-Feb) ♫
အခုတင်ပေးလိုက်တဲ့ Application လေးကတော့ Facebook မှာ Group
တွေနဲ့ချိတ်ဆက်ထားသူများ အတွက် အသုံးတည့်စေမယ့် Facebook Groups
နောက်ဆုံးထွက်
Version ကိုတင်ပေးလိုက်ပါတယ်ဗျာ။ အခု Apk လေးကိုအသုံးပြုပြီး မိမိရဲ့
Facebook Groups တစ်ခုလုံးကို ကြိုက်သလိုအသုံးပြုနိုင်ပါတယ်ဗျာ။ Group
မှာရှိတဲ့ Notification တွေ ၊ Message တွေ
ကိုလွယ်ကူမြန်ဆန်စွာစစ်ဆေးနိုင်မှာ Reply ပြန်နိုင် မှာဖြစ်ပါတယ်ဗျာ။
Facebook Apk ကနေ Page ထဲဝင်လို့ရတယ်ဆိုပေမယ့် အရမ်းကိုကြာ ပါတယ်။ Noti
တွေလည်းစစ်ရတာအဆင်မပြေပါဘူး။ အခု Facebook Groups လေးကိုအသုံးပြု
မယ်ဆိုရင်တော့ ပိုပြီးလွယ်ကူမြန်ဆန်တာပေါ့ဗျာ။ အောက်က Link
မှာဒေါင်းယူသွားနိုင်ပါတယ်ဗျာ။
* Create a group for just about anything.
* Share information, post photos and links, and stay in touch.
* Discover and join new groups for whatever you’re into.
Facebook Groups are great for...
* Families—share photos, organize vacations.
* Teams—post updates and schedules.
* Neighborhoods—borrow tools, share local news.
* School & Work—collaborate on projects, distribute notes.
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။

** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
Wednesday, February 24, 2016
♪ Google Play Sotre & Services မရသူများအတွက် - Services Google Play v8.7.01 Apk (22-Feb) ♫
အခုတင်ပေးလိုက်တာကတော့ Android Phone တွေမှာ Play Store ထည့်မရသူများနဲ့
Play Store Version အသစ်ထည့်သွင်းချင်သူများအတွက် Google Play Services
v8.7.01 နောက်ဆုံးထွက် Version အသစ်လေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ 22-Feb
မှာအသစ်ထွက်လာတာဖြစ်ပါတယ်ဗျာ။ မိမိမှာရှိပြီးသား Application & Game
တွေကို Update ပြုလုပ် နိုင်ပြီး လိုချင်သော Application
အသစ်များစွာကိုလည်း ရှာဖွေဒေါင်းယူနိုင်မှာဖြစ်ပါတယ်ဗျာ။ လိုအပ်သူ
များအောက်မှာဒေါင်းလုပ်ဆွဲယူနိုင်ပါတယ်ဗျာ။ Android OS 2.3
နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ် ပါတယ်ဗျာ။
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
Sunday, February 21, 2016
မည်သည့် Web page မှ မဆို Videos များကို Download လုပ်ချင်သူများအတွက်
video ပေါ်တစ်ချက်ထိရုံနဲ့  quality အမျိုးမျိုးကို
မြန်မြန်ဆန်ဆန်ဒေါင်းပေးမဲ့ Videoder (One Click Video Downloader) update
လေးတွေ့ လို့ တင်ပေးလိုက်ပါတယ်။ ဒီကောင်လေးက TubeMate နဲ့ တူတယ်။ video
quality ရောရွေးပီးဒေါင်းလို့ ရတယ်။ မိမိစိတ်ကြိုက် video ပေါ် ကလစ်တစ်ချက်
နှိပ်တာနဲ့ ဒေါင်းရုံပဲ။တော်တော်အဆင်ပြေတယ်လို့ ပြောရမှာပဲ။ စတိုင်ကလည်း
ရိုးရိုးလေးရယ်။ မျက်စိနောက် သက်သာတယ်။
ကြိုက်တယ်ဆိုရင်ဖြင့်အောက်မှာဒေါင်းလုဒ်နိုင်ပါတယ်ဗျာ။
download here
download here
Free Call နှင့် Messageတွေပို့မယ် - LINE: Free Calls & Messages v5.10.1 APK
LINE Free Calls & Messages ဆိုရင် ပြောစရာတောင်မလိုလောက်တော့ဖူးလို့
ထင်ပါတယ် ဒီနေ့ ထွက်ထားတာလေးပါ သတိရလို့
တင်ပေးလိုက်တာပါ။ Free Calls တွေမှာ တော့ Viber ပြီးရင် ဒီကောင်လေးကို
အကြိုက်ဆုံးပဲဗျာ။ Video Call ဆိုရင် Screen အပြည့်မြင်ရပြီး ရုပ်သံ ထွက်
တအားကြည်လင်ပါတယ်ခင်ဗျာ။ ဒီကောင်းလေးကတော့ Android OS အားလုံးသုံးနိုင်ပြီး ဖိုင်းဆိုဒ်လေးကတော့30.4MB ဖြစ်ပါတယ်။
download link download here
download link download here
Saturday, February 20, 2016
Google Translate ၀န်ဆောင်မှုမှာ ဘာသာစကား အသစ် ၁၃ မျိုးကို ထပ်မံ ပေါင်းထည့်
Google Translate ဟာ ဒီနေ့က စပြီး နောက်ထပ် ဘာသာစကား အသစ် ၁၃ မျိုးကို
ထပ်မံ ပေါင်းထည့်လိုက်ပြီး အခုဆိုရင် Google Translate ၀န်ဆောင်မှု မှာ
အသုံးပြုနိုင်တဲ့ ဘာသာစကား ၁၀၃ မျိုး ရှိလာပြီဖြစ်တယ် လို့ သိရပါတယ်။
ထို update ဟာ မိုဘိုင်းလ် အက်ပလီကေးရှင်းတွေမှာလည်း ရက်ပိုင်းအတွင်း စတင် အသုံးပြုနိုင် တော့မှာ ဖြစ်ပါတယ်။ ဒီနှစ်ဟာ Google Translate ၀န်ဆောင်မှု စတင်ခဲ့တာ ၁၀ နှစ်ပြည့်တဲ့ နှစ်ပတ်လည် အထိမ်းအမှတ် နှစ်လည်း ဖြစ်ပါတယ်။ လက်ရှိ ရနိုင်တဲ့ ဘာသာစကား ၁၀၃ မျိုးဟာ အွန်လိုင်းသုံးစွဲသူတိုင်းရဲ့  ၉၉ ရာခိုင်နှုန်းကို ထိရောက်တဲ့ ၀န်ဆောင်မှု ပေးနိုင်မယ်လို့ သိရပါတယ်။
သာသာစကား အသစ်တွေကတော့ Amharic ၊ Corsican ၊ Frisian ၊ Kyrgyz ၊ Hawaiian ၊ Kurdish ၊ Luxembourgish ၊ Samoan ၊ Scots Gaelic ၊ Shona ၊ Sindhi ၊ Pashto နဲ့ Xhosa တို့ပဲ ဖြစ်ပါတယ်။
Google ဟာ လက်ရှိ အသုံးပြုနိုင်တဲ့ ဘာသာစကား တွေကို ပိုမိုကောင်းမွန် လာစေဖို့ အတွက်လည်း ဘာသာပြန် လူ့အဖွဲ့အစည်း ရဲ့  အကူအညီကို ရယူနေရပါတယ်။
လက်ရှိ မှတ်တမ်းတွေအရတော့ ကမ္ဘာတစ်ဝှမ်းက လူဦးရေ ၃ သန်းခန့်ဟာ စကားလုံးပေါင်း သန်း ၂၀၀ ခန့်ကို Google Translate ၀န်ဆောင်မှု အသုံးပြုပြီး ဘာသာပြန်ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အသစ်ဖြည့်ထားတဲ့ ဘာသာစကားတွေရဲ့  တည်နေရာတွေကိုလည်း Google က စာရင်း ပြုစုထားပါတယ်။
ဖုန်း Screen Recorder လေး - AZ Screen Recorder – No Root Apk
ဖုန်း Screen Recorder လေး - AZ Screen Recorder – No Root Apk လေးပါ Root မရှိတဲ့ ဖုန်းတွေမှာပါ
Screen Recorder ဖမ်းပေးနိုင်တဲ့ Apk လေးမိုပတင်ပေးလိုက်ပါတယ် အသုံးလိုတဲံ
ဘော်ဒါတွေ အောက်မှာ ဗားရှင်းအသစ်လေးဒေါင်းပြီး အသုံးပြုနိုင်ပါပြီ
Featured on Google Play Home Page, Android Police, Yahoo News, CNET, Android Central, Droid-Life and more.
AZ Screen Recorder is the best app to record the screen of your
Lollipop. It does NOT require root access, no time limit, no watermark,
ad free and very easy to use with one action to start and stop
recording.
This screen recording app will let you make beautiful screencast videos
by providing every feature that you need in a simple and elegant user
experience design.
download link http://adf.ly/1XCclH
♪ ဓါတ်ပုံရိုက်လျှင် Effect များစွာထည့်သွင်းရိုက်ယူနိုင်တဲ့ - Vignette・Photo effects v2016.02 Apk (17-Feb) ♫
ဓါတ်ပုံရိုက်ဝါသနာပါသူများအတွက် Vignette Photo Effects ဆိုတဲ့ Application
အသစ်လေးတစ်ခု တင်ပေးလိုက်ပါတယ်ဗျာ။ သူ့မှာလည်း ဓါတ်ပုံတစ်ပုံကို
လိုချင်တဲ့ Effect မျိုးရရှိအောင် ပြုပြင်ပေးနိုင်တဲ့ Feature
ပေါင်းများစွာပါဝင်နေပါတယ်။ ရှိထားပြီးသား ဓါတ်ပုံများကိုလည်း
စိတ်ကြိုက်ပြုပြင်နိုင်ပါတယ်။ Feature တစ်ခုချင်းစီရဲ့ အသေးစိတ်ကိုတော့
အောက်မှာရှင်းပြပေးထားပါတယ်ဗျာ။ Android OS 1.6နှင့် အထက်ဖုန်းများမှာ
အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
• LOMO/Diana/Holga toy camera styles
• Instant camera styles
• Cross-process, duotone, charcoal, tilt-shift and much more
• Photo-booth and double-exposure
• Touch to focus
• Share your personalised saved effects with other Vignette users
• NEW Shuffle random effects
• NEW Move to crop
• Take pictures at your camera’s full resolution, even with effect
• Use the flash and front-facing cameras on most devices
• Self-timer, time-lapse and steady-shot modes
• Digital 10× zoom
• 21× optical zoom on Samsung Galaxy Camera EK-GC100
• Store location data in pictures (geotag)
• Use the volume rocker as a shutter button
• Edit imported photos
• On-screen controls for exposure, zoom, flash and switching camera
• Launch from the lock screen in Android 4.0+
• Remote shutter with Bluetooth remote, wired headset or Sony Ericsson LiveView
• Time- and date-stamp pictures with adjustable size, colour and format
• Rule-of-thirds and golden ratio composition guides
• Optimised for taking pictures underwater
• Share pictures via third-party apps
download link http://adf.ly/1XCdJg
credit m-p
App Review:
• Retro/vintage styles• LOMO/Diana/Holga toy camera styles

Wednesday, February 17, 2016
♪ ဖုန်းထဲမှာတင် Zip & Rar ကို ဖြည်နိုင်ချုံ့ နိုင်တဲ့ - Zipper v2.1.36 Apk (13-Feb) ♫
Features:
- Multi-select
- copy,move,paste (file, folder)
- open,rename,delete (file, folder)
- zip,unzip,send as
- sdcard usage
- backup app
- zip(unzip, alz, egg, tar, tar.gz, tar.bz2, gz, bz2, rar, jar, lzh support)
support split zip archive (z01, z02 ...)
- image viewer (support animated gif)
- text viewer
- swf (flash) viewer
- system information (cpu, memory, battery, network etc..)
- task killer
- ftp client
- ftp server (you can manage files of your phone by wifi)
- http server (you can manage files of your phone by wifi)
- show media file meta-data (mp3, mp4, avi, wmv, wma, jpg etc..)
- photo calendar (all of your photos will be sorted by the date automatically. you can browse your photos by calendar)
- hex viewer
- sdcard stroage use
- default app manager
download link
http://adf.ly/1X0Yzv
http://adf.ly/1X0Yzv
credit to maungpauk
♪ မမြင်စေချင်တဲ့ဓါတ်ပုံတွေဗီဒီယိုတွေကိုဖွက်ထားပေးမယ့် - Gallery Vault Hide Video Photo v2.7.4 Apk (14-Feb) ♫
လျှို့ဝှက်ချက်တွေများတဲ့ သူငယ်ချင်းများအတွက် Gallery Vault-Hide
Video&Photo PRO ဆိုတဲ့ Application လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။
သူ့ရဲ့လုပ်ဆောင်ချက်ကတော့ Gallery ထဲမှာရှိတဲ့ Photo တွေ Video တွေကို
သူများတွေမမြင်နိုင်အောင် ဖွက်ထားပေးနိုင်ပါတယ်။ အချို့ဘော်ဒါတွေရှိတက်
ပါတယ်။ 18+ Video တွေကို ဖုန်းထဲမှာ Save ထားတက်ကြတယ်။ ဒါမျိုးဆိုရင်လည်း
အခု Application နဲ့ အဆင်ပြေတာပေါ့ဗျာ။
ကိုယ့်ရဲ့ကောင်မလေးနဲ့ရိုက်ထားတဲ့ပုံတွေ ကိုလည်း သူများတွေမမြင်စေချင်ရင်
လည်း အခု Application လေးနဲ့ဖွက်ထားနိုင်ပါတယ်ဗျာ။ ဒီလောက်ဆိုရင်တော့
ဘယ်လိုနေရာမျိုးတွေမှာ
သုံးနိုင်လည်းဆိုတာသဘောပေါက်လောက်ပြီလို့ထင်ပါတယ်ဗျာ။ Password အနေနဲ့ကတော့
Pattern Lock , Pin Lock အစရှိသဖြင့်မိမိသဘောကျသလိုထားနိုင်ပါတယ်။ Android
OS 2.3 နှင့်အထက်ဖုန်းများ မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
Highlight features:
• Hide photos, hide videos and hide any other types of files
• The hidden files are all encrypted
• Support to hide icon, and no one knows the existence of Gallery Vault except you.
• Support to hide files in SD card and moving your encrypted files to SD card to save your device storage, including Android 4.4(KitKat), Android 5.0(Lollipop)
• Integrated with Private Web Browser and support downloading all images and videos in web page with just one tap
• The beautiful, smooth and elegant user experience
• No any storage limitation to hide photo and hide video
• Shake your phone to close Gallery Vault in a hurry
• Support hide and play GIF images
• Support Break-in Alerts and know who is trying to break-in
• Support Fake Passcode and show fake content when you input fake passcode
• Support Fingerprint (Only support samsung device with fingerprint scanner)
download link http://adf.ly/1X0eF2

GhostPush (Monkey Test & Time Service)
Android Device များအတွက် Virus မျိုးစုံရှင်းလင်းပေးနိုင်တဲ့ TELECom
Android Anti-Malware Version 3.1.1 ကို ဖြန့်ချီလိုက်ပါပြီ။ ဒီ Version
အသစ်မှာ
* Android Virus, Malware အားလုံးကို ထောက်လှမ်းနိုင်တဲ့ စနစ်အသစ်ကို အသုံးပြုထားပါတယ်။ ဒါကြောင့် အချိန်ကို Detect လုပ်တဲ့စနစ်တွေ၊ သိထားပြီးဖြစ်တဲ့ Virus နာမည်တွေနဲ့ တိုက်စစ်တဲ့နည်းတွေထက် ပိုကောင်းစေပါမယ်။ ဒါ့အပြင် ဖုန်းတစ်လုံးလုံးရဲ့ ရှိရှိသမျှ နေရာတွေက Malware Package တွေကို အမိဖမ်းနိုင်ပါတယ်။ Firmware ကျမှာကိုလည်း ပူစရာမလိုတော့ပါဘူး။ မကြာခဏလည်း Update လုပ်စရာမလိုပါဘူး။ တစ်ကြိမ် Download ဆွဲပြီးရင် ချက်ချင်း တန်း အသုံးပြုနိုင်မှာဖြစ်ပါတယ်
* အခုဖြန့်လိုက်တဲ့ Version အသစ်မှာ USB Port မကောင်းတဲ့ ဖုန်းအတွက် ကြိုးမဲ့ Wireless ပုံစံနဲ့ Virus စစ်ဆေးဖယ်ရှားပေးနိုင်တဲ့ Wifi Feature ပါဝင်ပါတယ်။ ဒါ့အပြင် Router မရှိသူတွေအတွက် အသုံးဝင်စေမယ့် Virtual Access point Feature ကိုလည်း ထည့်သွင်းပေးထားပါတယ်။
* အခြားလုပ်ဆောင်ချက်တွေဖြစ်တဲ့ Reboot ချတာ၊ Factory Reset လုပ်တာ တွေအပြင် Virus မရှိပေမယ့်လည်း လေးလံနေတဲ့ Android Device ကို ပေါ့ပါးသွားစေနိုင်ဖို့ Junk File တွေကို ရှင်းလင်းပေးနိုင်တဲ့ လုပ်ဆောင်ချက်ကိုလည်းထည့်ပေးထားပါတယ်
ဒီ Tool ကို သုံးဖို့အတွက် ဖုန်းကို Root လုပ်ထားဖို့လိုမှာဖြစ်ပါတယ်။ Windows 7 ကနေ Windows 10 အထိမှာ အသုံးပြုနိုင်ပါတယ်။ စစ်ဆေးမယ့် Android Device ဟာလည်း Version 2.3 (Gingerbread) ကနေပြီးတော့ Version 6 (Meshmellow) အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခက်အခဲရှိရင် ဒီ Post အောက်မှာပဲဖြစ်ဖြစ်၊ ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ် မေးမြန်းနိုင်ပါ တယ်။
Tool ကို အသုံးပြုဖို့အတွက် တစ်ခါတစ်ရံမှာ Dot Net 4.6 ကို လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။ လိုအပ်ခဲ့မယ်ဆိုရင် Dot Net အတွက် က Download လုပ်ပေးနိုင်ပါတယ်။
Download Now
TELECom Android Anti-Malware ကို အသုံးပြုချင်ရင် အောက်က Link က Download လုပ်နိုင်ပါတယ်။
Download Now
Driver မသိတဲ့ဖုန်းတွေအတွက် Universal ADB Driver ကို အောက် Link က Download လုပ်နိုင်ပါတယ်။
Download Now
Wireless အနေနဲ့ စစ်ဆေးရှင်းလင်းမယ်ဆိုရင် လိုအပ်တဲ့ Wifi ADB.apk ဖိုင်လေးကို အောက်က Link ကနေ Download လုပ်ယူနိုင်ပါတယ်။
Download Now
တကယ်လို့ ဒီ Tool (Project) အတွက် Source Code တွေလေ့လာကြည့်ချင် တယ်ဆိုရင်တော့ အောက် Link ကနေ Download လုပ်ယူနိုင်ပါတယ်။ Educational Purpose Only ပဲဖြစ်ပြီးတော့ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ချင်တယ်ဆိုရင် နည်းနည်းပါးပါး ပြင်ဆင်ဖို့လိုပါလိမ့်မယ်။
Download Now
ဒီ Product ဟာ Free မဟုတ်ပါဘူး။ ဒါပေမယ့် အခမဲ့ ၁၀ ကြိမ် အသုံးပြုခွင့် ပေးထားပါတယ်။

credit to maungpaukFacebook ပေါ်က Video တွေကို ခပ်မြန်မြန်ဒေါင်းယူမယ် - Video Downloader for Facebook v2.7 APK
Android
OS ဖုန်းများအသုံးပြုထားသောဘော်ဒါတို့အတွက် အရမ်းကို မိုက်တယ် Downloader
for Facebook ကိုလေးကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကတော့ ဘော်ဒါတို့အတွက်
FB သုံးတဲ့အခါမှာ Video ကိုဒေါင်းရန်အခက်ခဲ့ဖြစ်နေသူများအတွက် ဒီ Video
Downloader for Facebook Pro လေးနဲသုံးလိုက်ရင်
အားလုံးကိစ္စပြီးသွားပြီးခင်ဗျာ..။ ဒီကောင်လေးကတော့ Facebook ပေါ်က
ဒေါင်းလုပ်ရာမှာ ခပ်မြန်မြန်ပြီး ဆွဲအားလည်းကောင်းပါတယ်။
အသုံးပြုသူများအတွက် ကတော့ Android OS ဖုန်း 2.3
အထက်ရှိဖုန်းများအသုံးပြုနိုင်ပါတယ်။
How to use:
1. Click on the Browser tab.
2. Login and browse to the video you want to download.
3. Play the video you want to download.
4. Click "Download" to download video or "Watch" to see the video.
1. Click on the Browser tab.
2. Login and browse to the video you want to download.
3. Play the video you want to download.
4. Click "Download" to download video or "Watch" to see the video.
Tuesday, February 16, 2016
♪ ဖုန်းအသုံးပြုရာမှာပေါ့ပါးမြန်ဆန်စေနိုင်မယ့် - Cleaner – Master Booster Pro v2.3.2 Apk (11-Feb) ♫
ဖုန်းတစ်လုံးမှာဆောင်ထားသင့်တဲ့ Application လေးတစ်ခုကိုတင်ပေးလိုက်ပါတယ်။
Cleaner - Speed Booster Pro ဆိုတဲ့ Application လေးကတော့
ဖုန်းထဲမှာမလိုအပ်တော့တဲ့ Cache & Junk File
များကိုရှင်းလင်းပေးခြင်းအားဖြင့်
ဖုန်းတစ်ခုလုံးကိုပေါ့ပါးမြန်ဆန်လာစေမှာဖြစ်ပါတယ်ဗျာ။ Phone နဲ့ Game
ကစားသူများအတွက်လည်း Game Speed Booster ဆိုတဲ့ Feature ပါဝင်တာကြောင့်
Game ကစားတာများ လည်း Phone လေးလံသွားခြင်းမရှိစေပါဘူး။ Web Browser
များအသုံးပြုရာမှာလည်းမိမိရဲ့ Personal History များမကျန်ခဲ့စေဖို့အတွက်
History များကိုရှင်းလင်းပေး နိုင်ခြင်း ဖုန်းရဲ့နောက်ကွယ်မှာ မလိုအပ်ဘဲ
Run နေတဲ့ Application များကိုပိတ်ပေးနိုင်တဲ့ Task Killer System
ပါဝင်သောကြောင့် ဖုန်းကိုပေါ့ ပါးမြန်ဆန် လာစေမှာပါ။ ဒီထက်ပိုပြီး
အသုံးတည့်မယ့် Feature ပေါင်းများစွာ ပါဝင်ပါတယ်။ Feature တစ်ခုချင်းစီရဲ့
အသေးစိတ်ကိုအောက်မှာအသေးစိတ်ရှင်းပြပေးထားပါတယ်ဗျာ။ Android OS 2.3.3 နှင့်
အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
* FEATURES *
1. Memory Cleaner
Clean up memory (RAM) and kills background processes / tasks that slows down your device, with one-tap "Optimizer" button. Using memory cleaner will cool down your phone when CPU overheating, boost your phone, and even save your phone from battery draining.
2. Junk Cleaner (System Cache)
Remove old junk files such as system cache trash & residual files. Free up your storage space by deleting junk files & optimize your phone for better performance!
3. Game Booster Engine
By Allocating system resource to your game, Game Booster will optimize your phone engine for best gameplay environment! Boost game speed by 20%+ when launching. Use this function when phone is lagging or freezes frequently upon playing game.
4. Call Log History & SMS History Cleaner
Protect your privacy by removing any unwanted call log history & SMS / Text History one by one. By tapping "Select All", you can remove all private conversation logs in one-tap !
5. Search & Browser History Eraser
Secure your privacy by erasing Google play store search history & default browser search history. Includes Clipboard history eraser and download file manager as well!
6. App Manager
Batch uninstall unused / unwanted apps to free up your storage space & Disable pre-installed apps to clean up your home screen!
7. Game Booster Widget
Access your Game Optimizer function from Android home screen widget within one-tap!
DOWNLOAD LINK http://adf.ly/1Wy4x6

Huawei ရဲ့ ဒေါ်လာ ၈၀ တန် စမတ်နာရီ
Huawei
ဟာ ဒေါ်လာ ၈၀ သာ ကုန်ုကျမယ့် Honor စမတ်နာရီ တစ်မျိုးကို မိတ်ဆက်လိုက်ပြီ
ဖြစ်ပါတယ်။ အဝိုင်းပုံစံ ရှိပေမယ့် အထဲမှာကတော့ လေးထောင် LED ဖန်သားပြင်
ဖြစ်ပါတယ်။ Honor Band Z1 လို့ အမည်ပေးထားတဲ့ စမတ်နာရီ ဖြစ်ပါတယ်။
1.06
လက်မရှိတဲ့ 128 x 128 OLED touch panel ကို အသုံးပြုထားပါတယ် ဘက်ထရီကတော့
70 mAh ရှိပြီး ၆ ရက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နာရီဟာ ဒီတိုင်းဆိုရင်
မှောင်နေပါလိမ့်မယ်။ လက်ကို ပင့်လိုက်တဲ့အခါတိုင်းမှာတော့ လင်းပါလိမ့်မယ်။
ဒီတော့ တစ်ခါတစ်ရံ လက်ကို ယောင်ပြီး ပင့်မိရင်ကော လင်းလာလေမလားလို့
မေးကြပါတယ်။ လင်းပါတယ်။ ပြီးတဲ့ လက်နဲ့ တို့ထိရင်လည်း လင်းပါတယ်။ ဒီတော့
ညအိပ်တဲ့အခါ ပတ်ပြီးတော့ အိပ်ချင်တယ်ဆိုရင် ထိရင် မလင်းအောင် setting
ဝင်ပြင်ရပါမယ်။ ရေစိုခံ နာရီ ဖြစ်ပါတယ်။ ပေါ့ပြီးတော့ ပါးပါတယ်။
လမ်းလျှောက်နှုန်း၊ ပြေးနှုန်း၊ ကယ်လိုရီ လောင်ကျွမ်းမှုနှုန်း ၊
နှလုံးခုန်မှု နှုန်း အစရှိသဖြင့်တို့ကိုပါ ထုတ်ဖော် ပြသပေးမှာ ဖြစ်ပါတယ်။
နာရီဟာ
Pebble နဲ့ စာရင် ဈေးက ဒေါ်လာ ၂၀ပဲ ကွာပါတော့တယ်။ Pebble ဟာလည် ဒေါ်လာ ၁၀၀
တန် စမတ်နာရီ ရှိပါတယ်။ ယခု Honor Band Z1 ကို Android ဖုန်း၊ iPhone
တို့နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အိုင်ဖုန်းကို ပျက်သွားစေဖို့ Date ပြောင်းရုံနဲ့ရ
တစ်လောတုန်းက
code တစ်ခု Message လက်ခံရရှိရင် iPhone ဟာ Reboot လုပ်ပါတယ်။ ဒီတစ်ခေါက်က
အဲ့ထက် ကြမ်းပါတယ်။ iPhone ကို အသစ်ပြန်လှဲရမယ့် ကိန်း ဖြစ်ပါတယ်။
ယင်းအတွက် လုပ်ရတဲ့ နည်းလမ်းကလည်း လွယ်ပါတယ်။ Apple တို့ Error ရှိနေတဲ့
Date တစ်ခုကို ပြောင်းဖို့ ဖြစ်ပါတယ်။
Setting>
General> Date & Time အထိဝင်ပြီးရင် Set Automatically ကို
ပိတ်လိုက်ရပါမယ်။ ပြီးရင် အချိန်ကို ဇန်နဝါရီ ၁ ရက်၊ ၁၉၇၀ သို့ Set
လုပ်လိုက်ရပါမယ်။ အဲ့ဒီအထိ ဘာမှ မဖြစ်ပါဘူး။ ပြီးရင် ဖုန်းကို
ပါဝါပိတ်ရပါမယ်။ ပါဝါ ပိတ်ပြီးတော့ ပြန်ဖွင့်တဲ့အခါ ဖွင့်စစချင်းမှာပေါ်တဲ့
အဖြူရောင်အလင်းဖန်ပြားပေါ်မှာ Apple ပန်းသီး icon လေးတွေ့တဲ့အဆင့်ကနေ
တက်တော့မှာ မဟုတ်ပါဘူး။ ကွန်ပြူတာနဲ့ထိုးလည်း ဘာမှ မထူးပါ။ ဖုန်း တစ်လုံး
ဆုံးရှုံးရမှာ ဖြစ်ပြီး အမေရိကန်မှာတော့ အာမခံ ရှိတာကြောင့် ဖုန်း
အသစ်ပြန်လှဲချင်သူများ အနေတနဲ့ ယင်းနည်းလမ်းသုံးဖို့ Troll နေကြ ပါတယ်။
မြန်မာပြည်မှာတော့ မလုပ်လိုက်ပါနဲ့။ အာမခံ မရပါ။ လှဲပေးမည့်သူ မရှိပါ။
ဖုန်း ပျက်သွားတာပဲ အဖက်တင်ပါလိမ့်မယ်။
ပြန်ပြင်တဲ့
နည်းလမ်းက ရှိပါတယ်။ ဖုန်းကို ဖွင့်ပြီးတော့ ဘက်ထရီကို ဖြုတ်ပြီး
ပြန်တပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီတော့ တော်ရုံလူ လုပ်နိုင်တာမျိုး
မဟုတ်တာကြောင့် မြန်မာပြည်က Apple Service သမားတွေဆီ သွားအပ်ရင် ငါးသောင်း
လောက်ကတော့ အသာလေးသွားနိုင်ပါကြောင်း…။
Monday, February 15, 2016
Samsung Galaxy J5 မှ Lolipop 5.1.1-Model အားလုံးကို Root ဖေါက်ချင်ရင် (All Version)
Samsung Galaxy J5 Lolipop 5.1.1 ကို Root ဖေါက်ချင်သူများအတွက်ပါ...
Galaxy J5 ရဲ့ Model အားလုံးအတွက် စုစည်းပေးလိုက်ပါတယ်...
Samsung Galaxy J5 SM- J5008 / J500F-DS / J500FN / J500G / J500H / J500H-DS/ J500M / J500N0 / J500Y ....
မိမိဖုန်း Model ကို ကြည့်ပြီး ရွေးခြယ်ဒေါင်းယူတတ်ဖို့ အရေးကြီးလှပါတယ်။
Android Pattern Code Reader v2.1
Android Pattern Code Reader v2.1 ကို အသုံးပြုရန် သင့်ရဲ့ဖုန်းဟာ root access ရှိထားရပါမည်။
နောက်ပြီး USB Debugging Enable လုပ်ထားလိုပါတယ်။
အသုံးပြုပုံကတော့ လွယ်ကူရိုးရှင်းပါတယ် Read ဆိုတဲ့ button ကိုနှိပ်ပြီး
ကြည့်ရုံပါပဲဗျာ …………
download link https://my.pcloud.com/publink/show?code=hNkctalK
credit to mppg
Subscribe to:
Comments (Atom)