wellcome--- nomart2006.blogspot.com

Tuesday, February 16, 2016

Huawei ရဲ့ ဒေါ်လာ ၈၀ တန် စမတ်နာရီ


Huawei ဟာ ဒေါ်လာ ၈၀ သာ ကုန်ုကျမယ့် Honor စမတ်နာရီ တစ်မျိုးကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ အဝိုင်းပုံစံ ရှိပေမယ့် အထဲမှာကတော့ လေးထောင် LED ဖန်သားပြင် ဖြစ်ပါတယ်။ Honor Band Z1 လို့ အမည်ပေးထားတဲ့ စမတ်နာရီ ဖြစ်ပါတယ်။

 
1.06 လက်မရှိတဲ့ 128 x 128 OLED touch panel ကို အသုံးပြုထားပါတယ် ဘက်ထရီကတော့ 70 mAh ရှိပြီး ၆ ရက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နာရီဟာ ဒီတိုင်းဆိုရင် မှောင်နေပါလိမ့်မယ်။ လက်ကို ပင့်လိုက်တဲ့အခါတိုင်းမှာတော့ လင်းပါလိမ့်မယ်။ ဒီတော့ တစ်ခါတစ်ရံ လက်ကို ယောင်ပြီး ပင့်မိရင်ကော လင်းလာလေမလားလို့ မေးကြပါတယ်။ လင်းပါတယ်။ ပြီးတဲ့ လက်နဲ့ တို့ထိရင်လည်း လင်းပါတယ်။ ဒီတော့ ညအိပ်တဲ့အခါ ပတ်ပြီးတော့ အိပ်ချင်တယ်ဆိုရင် ထိရင် မလင်းအောင် setting ဝင်ပြင်ရပါမယ်။ ရေစိုခံ နာရီ ဖြစ်ပါတယ်။ ပေါ့ပြီးတော့ ပါးပါတယ်။ လမ်းလျှောက်နှုန်း၊ ပြေးနှုန်း၊ ကယ်လိုရီ လောင်ကျွမ်းမှုနှုန်း ၊ နှလုံးခုန်မှု နှုန်း အစရှိသဖြင့်တို့ကိုပါ ထုတ်ဖော် ပြသပေးမှာ ဖြစ်ပါတယ်။
 
နာရီဟာ Pebble နဲ့ စာရင် ဈေးက ဒေါ်လာ ၂၀ပဲ ကွာပါတော့တယ်။ Pebble ဟာလည် ဒေါ်လာ ၁၀၀ တန် စမတ်နာရီ ရှိပါတယ်။ ယခု Honor Band Z1 ကို Android ဖုန်း၊ iPhone တို့နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

No comments:

Post a Comment