iPhone/Pad ဆော့ဝဲတွေဖြစ်တဲ့ iOS application (ipa)
ဖိုင်များကိုအလွယ်ကူဆုံး Crack လုပ်နည်းရှိပါသလားလို့ မေးမြန်းလာသူတွေအတွက်
ပြန်လည်ဖြေပေးလိုက်ရခြင်းပါ။ အလွယ်ကူဆုံး Crack လုပ်နည်းရှိပါတယ်။
အသိတစ်ခုတိုးစေရန်သာရည်ရွယ်ပြီး ကောင်းမွန်စွာအသုံးချဖို့သာရည်ရွယ်ပါတယ်။
Crack လုပ်နည်းအကြောင်းမပြောခင် iOS Crack app ဆိုတာဘာလဲဆိုတာကို မသိသေးတဲ့ Beginner user တွေကိုရည်ရွယ်ပြီး ရှင်းပြဖို့လိုဦးမယ်ထင်ပါတယ်။ iOS ရဲ့ Official Store ဖြစ်တဲ့ iTunes ကနေ ကိုယ်ပိုင် iTunes acc အသုံးပြု download ရယူထားတဲ့ application (သို့မဟုတ်) game ကို ယင်း ကိုယ်ပိုင် iTunes account ထည့်ထားတဲ့ iPhone/Pad တွေမှာပဲထည့်သွင်းအသုံးပြုလို့ရပါတယ်။ အဲဒီတော့ တခြား iDevices ပေါင်းစုံမှာ တခြားသူရဲ့ iTunes acc နဲ့ download ရယူထားတဲ့ iOS app (ipa) ဖိုင်ကိုသွင်းချင်တယ်ဆိုရင်တော့ ယင်း iOS app ဖိုင်ကို download ရယူခဲ့တဲ့ iTunes acc data တွေဖယ်ရှားထားရမှာဖြစ်ပါတယ်။ ဒါက users အားလုံး နားလည်လွယ်အောင်ပြောခြင်းသာဖြစ်ပါတယ်။ ယင်းသို့ ပြုလုပ်ထားတဲ့ iOS app ဖိုင်သည် cracked app ဖိုင်ဖြစ်ပါတယ်။ ယင်း cracked app ဖိုင်ကိုသွင်းမယ့် ဖုန်းသည်လည်း Jailbreak လုပ်ပြီးသား ၊ Appsync လို့ခေါ်တဲ့ Cydia Tweak သွင်းပြီးသားဖြစ်ရပါမယ်။ ပြီးလျှင်တော့ Cracked app တွေကိုကိုယ့်ရဲ့ iPhone/Pad မှာသွင်းပြီးအသုံးပြုလို့ရပါပြီ။ ဒါဆိုရင် အလွယ်ဆုံး Crack နည်းအကြောင်းကိုပြန်သွားပါမယ်။ CrackAddit လို့ခေါ်တဲ့ Cydia Tweak လေးကိုအသုံးပြု၍ Crack ခြင်းပဲဖြစ်ပါတယ်။ ဒီ tweak လေးဟာ တစ်ချို့ iOS app တွေ အလွယ်တကူ crack လို့မရအောင်ပြုလုပ်ထားတာတွေကိုတောင်မှ Crack လုပ်ပေးနိင်လောက်အောင် လန်းတာကိုတွေ့ရပါတယ်။
အရင်ဆုံး ဒီ tweak လေးကို
http://cydia.appaddict.org/ ကနေ ၀င်ရောက်သွင်းယူလိုက်ပါ။ ပြီးလျှင်တော့ Home Screen ပေါ်မှာ CrackAddict လို့ခေါ်တဲ့နာမည်နဲ့ application လေးရောက်နေပါပြီ။ ယင်းဆော့ဝဲထဲသို့ဝင်ပါ။ Device ထဲမှာသွင်းထားသမျှဆော့ဝဲတွေ list နဲ့ပေါ်လာပါမယ်။credit to maungpauk ကိုယ် crack လိုသော application ပေါ်ကို နှိပ်လိုက်ပါ။ ပြီးလျှင် Make it suffer ကိုနှိပ်ပါ။

crack ပြီးသွားလျှင် Crack လုပ်လို့အောင်မြင်ကြောင်း Message ပြပါလိမ့်မယ်။
ပီးလျှင်မိမိ crack လုပ်ထားသော crack app ဖိုင်အား iFanbox ကဲ့သို့သော Tool
ကိုအသုံးပြု၍ File Manager မှတဆင့် Users/Documents/Cracked/ ထဲသို့ဝင်၍
ကွန်ပျူတာထဲသို့ cracked app ဖိုင်အားပြန်လည်ထုတ်ယူနိုင်ပါပြီ။
Crack လုပ်ထားပြီးသော app list အားကြည့်ရှုလိုလျှင်လည်း CrackAddit ဆော့ဝဲထဲက Cracked apps ဆိုတဲ့ tab ကိုနှိပ်၍ ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။credit to maungpauk

No comments:
Post a Comment