wellcome--- nomart2006.blogspot.com

Tuesday, February 16, 2016

အိုင်ဖုန်းကို ပျက်သွားစေဖို့ Date ပြောင်းရုံနဲ့ရ


တစ်လောတုန်းက code တစ်ခု Message လက်ခံရရှိရင် iPhone ဟာ Reboot လုပ်ပါတယ်။ ဒီတစ်ခေါက်က အဲ့ထက် ကြမ်းပါတယ်။ iPhone ကို အသစ်ပြန်လှဲရမယ့် ကိန်း ဖြစ်ပါတယ်။ ယင်းအတွက် လုပ်ရတဲ့ နည်းလမ်းကလည်း လွယ်ပါတယ်။ Apple တို့ Error ရှိနေတဲ့ Date တစ်ခုကို ပြောင်းဖို့ ဖြစ်ပါတယ်။

 
Setting> General> Date & Time အထိဝင်ပြီးရင် Set Automatically ကို ပိတ်လိုက်ရပါမယ်။ ပြီးရင် အချိန်ကို ဇန်နဝါရီ ၁ ရက်၊ ၁၉၇၀ သို့ Set လုပ်လိုက်ရပါမယ်။ အဲ့ဒီအထိ ဘာမှ မဖြစ်ပါဘူး။ ပြီးရင် ဖုန်းကို ပါဝါပိတ်ရပါမယ်။ ပါဝါ ပိတ်ပြီးတော့ ပြန်ဖွင့်တဲ့အခါ ဖွင့်စစချင်းမှာပေါ်တဲ့ အဖြူရောင်အလင်းဖန်ပြားပေါ်မှာ Apple ပန်းသီး icon လေးတွေ့တဲ့အဆင့်ကနေ တက်တော့မှာ မဟုတ်ပါဘူး။ ကွန်ပြူတာနဲ့ထိုးလည်း ဘာမှ မထူးပါ။ ဖုန်း တစ်လုံး ဆုံးရှုံးရမှာ ဖြစ်ပြီး အမေရိကန်မှာတော့ အာမခံ ရှိတာကြောင့် ဖုန်း အသစ်ပြန်လှဲချင်သူများ အနေတနဲ့ ယင်းနည်းလမ်းသုံးဖို့ Troll နေကြ ပါတယ်။ မြန်မာပြည်မှာတော့ မလုပ်လိုက်ပါနဲ့။ အာမခံ မရပါ။ လှဲပေးမည့်သူ မရှိပါ။ ဖုန်း ပျက်သွားတာပဲ အဖက်တင်ပါလိမ့်မယ်။
 
ပြန်ပြင်တဲ့ နည်းလမ်းက ရှိပါတယ်။ ဖုန်းကို ဖွင့်ပြီးတော့ ဘက်ထရီကို ဖြုတ်ပြီး ပြန်တပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီတော့ တော်ရုံလူ လုပ်နိုင်တာမျိုး မဟုတ်တာကြောင့် မြန်မာပြည်က Apple Service သမားတွေဆီ သွားအပ်ရင် ငါးသောင်း လောက်ကတော့ အသာလေးသွားနိုင်ပါကြောင်း…။
credit mmas

No comments:

Post a Comment